1 ဓမ္မရာဇဝင်ပထမစောင် 16:21
အဟိသောဖေလ က၊ နန်း တော်ကို စောင့် စေခြင်းငှါ ခမည်းတော် ထားခဲ့ သော ကိုယ်လုပ်တော် တို့ရှိရာသို့ ဝင် တော်မူပါ။ ခမည်းတော် သည်ကိုယ်တော်အား စက်ဆုပ် ရွံရှာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော် ဘက် ၌နေသော သူအပေါင်း တို့သည် လက် အားကြီး ကြပါလိမ့်မည်ဟု လျှောက် သည် အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
20အဗရှလုံ ကလည်း ၊ ငါတို့သည်အဘယ်သို့ ပြု ရမည်ကို အကြံ ပေး ပါဟု အဟိသောဖေလ အား ဆို လျှင်၊
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Genesis 6:4ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
Genesis 35:22ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
Genesis 49:3အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။
Leviticus 20:11ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
1 Samuel 27:12အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။
2 Samuel 10:6အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။