1 ဓမ္မရာဇဝင်ပထမစောင် 16:9
ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Exodus 22:28ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။
1 Samuel 26:6ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
2 Samuel 3:8ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကို ဆီးတား၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော။
2 Samuel 9:8မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ၍ပြန်လျှောက်၏။
Jeremiah 40:13ထိုနောက်မှ၊ ကာရာသားယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ၍၊
Acts 23:5ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။