1 ဓမ္မရာဇဝင်ပထမစောင် 17:8
ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
1835 Judson Burmese Bible
In The King James Version
In Context
7ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
1 Samuel 16:18ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
1 Samuel 17:50ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။
2 Samuel 15:18ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။
2 Samuel 23:8ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။
2 Samuel 23:18ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။
2 Kings 2:24ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။