1 ဓမ္မရာဇဝင်ပထမစောင် 18:2
လူ သုံးစု တစုကို ယွာဘ ၌ ၎င်း ၊ တစုကို ဇေရုယာ သား ယွာဘ ညီ အဘိရှဲ ၌ ၎င်း၊ တစုကိုဂိတ္တိ လူ အိတ္တဲ ၌ ၎င်း အပ် ၍ ၊ ငါ့ ကိုယ်တိုင်ချီသွား မည်ဟု လူ များတို့အား မိန့် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
1ဒါဝိဒ် သည် မိမိ ၌ ပါသောလူ တို့ကိုရေတွက် ၍ တထောင် အုပ်၊ တရာ အုပ်တို့ကို ခန့်ထား ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 18
Cross References
Judges 7:19ထိုသို့ ဂိဒေါင် နှင့် သူ ၌ ပါသော လူ တရာ တို့သည် သန်းခေါင် ယံ ၌ ကင်း လဲ စက တပ် ပြင် သို့ ရောက် သဖြင့် တံပိုး မှုတ် ကြ၏။ မိမိ ကိုင် သော အိုး တို့ကိုလည်း ခွဲ ကြ၏။
1 Samuel 11:11နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။
2 Samuel 10:7ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
2 Samuel 10:10ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊
2 Samuel 17:11သို့ဖြစ်၍ ကျွန်တော်သည် အကြံ ပေးပါမည်။ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်း တို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကိုယ်တော် ထံ၌ စည်းဝေး ၍ ကိုယ်တော်တိုင်စစ် ချီ တော်မူရမည်။
2 Samuel 23:18ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။