1 ဓမ္မရာဇဝင်ပထမစောင် 20:12
အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
11သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
13ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
2 Samuel 17:25အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။
Psalms 55:23အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည်။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံ ပါမည် ။