1 ဓမ္မရာဇဝင်ပထမစောင် 20:9
ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
Psalms 55:21သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။
Proverbs 26:24အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
Micah 7:2ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။
Luke 22:47ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။