The Bible Software
bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 23 › 1 ဓမ္မရာဇဝင်ပထမစောင် 23:10

1 ဓမ္မရာဇဝင်ပထမစောင် 23:10

ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။

1835 Judson Burmese Bible

In The King James Version

He arose, and smote the Philistines until his hand was weary, and his hand clave unto the sword: and the LORD wrought a great victory that day; and the people returned after him only to spoil.

In Context

9သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊

11သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊

Read all of 1 ဓမ္မရာဇဝင်ပထမစောင် 23

Cross References

Joshua 10:42ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။

Judges 15:14လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။

1 Samuel 11:13ရှောလုက၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။

1 Samuel 14:23ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။

1 Samuel 19:5မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊

2 Kings 5:1ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်ပထမစောင် 23:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်ပထမစောင် 23:91 ဓမ္မရာဇဝင်ပထမစောင် 231 ဓမ္မရာဇဝင်ပထမစောင် 23:11 →