1 ဓမ္မရာဇဝင်ပထမစောင် 3:12
ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
11ဣရှဗောရှက်သည် ကြောက်၍ စကားတခွန်း ကိုမျှ မပြန်ဝံ့။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
2 Samuel 3:27အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။
2 Samuel 5:1ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
2 Samuel 19:14ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။
1 Chronicles 11:1ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြ ပါ၏။
Psalms 62:9အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။
Luke 16:5သခင်၏ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင်၊