1 ဓမ္မရာဇဝင်ပထမစောင် 6:18
မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Exodus 39:43ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။
Joshua 22:6ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
1 Kings 8:55မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊
2 Chronicles 6:3တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏။
2 Chronicles 30:27ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။
Psalms 129:8လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။