1 ဓမ္မရာဇဝင်ပထမစောင် 7:10
ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
Exodus 1:13အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။
Exodus 15:17အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
Judges 6:2မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။
2 Kings 21:8ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
Psalms 44:4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
Psalms 80:9သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။