1 ဓမ္မရာဇဝင်ပထမစောင် 7:26
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
1 Kings 18:36ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို၎င်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎င်း၊ ယနေ့သိကြပါစေသော။
1 Chronicles 17:23ယခုမှာအိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ။
Psalms 61:7ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။
Psalms 89:36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။
Matthew 6:9ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။