1 ဓမ္မရာဇဝင်ပထမစောင် 9:7
ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 9
Cross References
Genesis 43:23ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
Ruth 2:11ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
1 Samuel 12:24သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။
1 Samuel 22:23ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
2 Samuel 9:3ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊
2 Samuel 12:8သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။