တိမောသေဩဝါဒစာဒုတိယစောင် 2:11
သစ္စာ စကား ဟူမူကား၊ ထိုသခင်နှင့်အတူသေ လျှင် ၊ အတူ ရှင်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
It is a faithful saying: For if we be dead with him, we shall also live with him:
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 2
Cross References
Romans 6:5တနည်းကား ၊ အသေခံ တော်မူခြင်း၏ ပုံ သဏ္ဌာန်ကိုဆောင် ၍၊ ထိုသခင်နှင့်အတူငါတို့သည် စိုက်ပျိုး လျက်ရှိသည် မှန်လျှင် ၊ ထမြောက် တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။
2 Corinthians 4:10သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ၌ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ၌ ဆောင် ရကြ၏။
Galatians 2:19ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။
1 Thessalonians 4:17ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အာကာသ ကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက် စေခြင်းငှာ ၊ ထိုသူ တို့နှင့်တကွ မိုးတိမ် ပေါ်သို့ချီဆောင် ခြင်းကို ခံရသောအားဖြင့်သခင် ဘုရားနှင့်အတူ အစဉ်မပြတ် နေ ရကြလိမ့်မည်။
1 Timothy 1:15ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။
Titus 3:8ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။