တိမောသေဩဝါဒစာဒုတိယစောင် 4:7
ကောင်း စွာသော တိုက်လှန် ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်း ကို အဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက် ပြီ။
မြန်မာကျမ်းစာ
In The King James Version
I have fought a good fight, I have finished my course, I have kept the faith:
In Context
6အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။
Read all of တိမောသေဩဝါဒစာဒုတိယစောင် 4
Cross References
Judges 3:2စစ်မှုကို မ သိ သော ဣသရေလ အမျိုးသားအစဉ်အဆက် တို့သည် စစ် အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎င်း၊ ထာဝရဘုရား ချန် ထားတော်မူသောလူမျိုး များဟူမူကား၊
Luke 8:15ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
John 4:34ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။
Acts 13:25ယောဟန် သည်မိမိဆောင်ရွက်ရသော အမှု ကိုပြု၍ နေစဉ်တွင်၊ ငါ သည် အဘယ်သူ ဖြစ် သည်ကို သင်တို့ ထင်မှတ် ကြသနည်း။ ငါ သည် ထိုသူဖြစ် သည်မ ဟုတ်။ ငါ့ နောက် ကြွလာ သောသူတစ်ပါးရှိသေး၏။ ထိုသူ ၏ ခြေနင်း တော်ကို ငါမ ချွတ် ထိုက် ဟုဆို ၏။
1 Corinthians 9:24မြေ တလင်း၌ ပြိုင်၍ ပြေး ကြသောသူ အပေါင်း တို့သည် ပြိုင်၍ ပြေး ကြသော်လည်း ၊ တစ်ယောက်တည်း သာလျှင် ဆု ကိုရ သည်ဟု သင်တို့ မ သိ ကြသလော။ ဆုကို ရ မည်အကြောင်း ပြေး ကြလော့။
1 Timothy 1:18ငါ့သား တိမောသေ ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိ စကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်း သောစစ် ကို တိုက်စေခြင်းငှာ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။