ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:12
လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏ သက်သေ ဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
13ငါရေးစရာအကြောင်းအများရှိသော်လည်း၊ မှင်နှင့် မှင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ၊
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
John 19:35ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။
Acts 10:22ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
1 Thessalonians 4:12ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။