ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:4
ငါ ၏သားသမီး တို့သည် သမ္မာတရား ၌ ကျင်လည် သည်ကို ငါကြား ၍ ဝမ်းမြောက် ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမ ရှိ ။
မြန်မာကျမ်းစာ
In The King James Version
I have no greater joy than to hear that my children walk in truth.
In Context
Read all of ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1
Cross References
1 Kings 3:6ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
Psalms 26:1အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောကြောင့် ၊ အကျွန်ုပ် ဘက်၌ တရား စီရင် တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ရွေ့လျား ခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Isaiah 8:18ငါ မှစ၍ ငါ့ အား ထာဝရဘုရား ပေး တော်မူသော သူငယ် တို့သည် ရှိ ကြ၏။ ဇိအုန် တောင် ပေါ် မှာ ကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်က၊ ဣသရေလ အမျိုး၌ ပုပ္ပ နိမိတ်နှင့် အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါပေးတော်မူသတည်း။
John 12:35ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
Galatians 2:14သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
1 Timothy 1:2ယုံကြည် ခြင်းအားဖြင့် ငါသား စစ် ဖြစ်သော တိမောသေ ကို ကြားလိုက်ပါ၏။ ငါ တို့သခင် ယေရှု ခရစ် နှင့် ငါတို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော။