တမန်တော်ဝတ္ထု 1:3
အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 9:18သင် တို့သည် ထာဝရဘုရား ကို အမျက် တော် ထွက်စေခြင်းငှာ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသောအပြစ် ရှိသမျှ တို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် ၍ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲနေရ၏။
Daniel 2:44လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
Matthew 4:2ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။
Matthew 28:9လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ ၊ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ၍ ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။
Mark 16:10မာရိလည်းသွား ၍ကိုယ်တော် နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွား ငိုကြွေး လျက် နေ ကြစဉ်တွင်၊ သူ တို့အားထို သိတင်းကို ကြားပြော လေ၏။
Luke 24:1ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။