တမန်တော်ဝတ္ထု 1:7
သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 29:29မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။
Matthew 20:23ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။
Mark 10:40သို့သော်လည်း ငါ လက်ျာ ဘက်လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကားအကြင်သူ တို့အဘို့အလိုငှာ ပြင်ဆင် ၏၊ ထိုသူတို့အားသာ ငါ ပေး ပိုင်သည်” ဟု မိန့် တော်မူ၏။
Luke 21:24သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
Ephesians 1:10ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။
1 Timothy 6:15မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။