တမန်တော်ဝတ္ထု 10:38
ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 2:2လောကီ ရှင် ဘုရင်တို့သည် ထ ကြ၍ ၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား နှင့် ခရစ်တော် ကို ရန် ဘက်ပြုလျက်၊
Psalms 45:7ကိုယ်တော်သည်ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍ မ တရားသောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် ဘုရား သခင်၊ ကိုယ်တော် ၏ဘုရား သခင်သည် ကိုယ်တော် ၏အပေါင်းဘော် တို့ထက် ၊ ကိုယ်တော် ကို ချီးမြှောက်၍၊ ဝမ်းမြာက် ခြင်းဆီ နှင့်ဘိသိတ် ပေးတော်မူပြီ။
Isaiah 42:1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
Matthew 4:23ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
Matthew 9:35ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။
Matthew 12:28ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။