တမန်တော်ဝတ္ထု 11:26
ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
25ဗာနဗ သည်လည်း ရှောလု ကို ရှာ လျက် တာရှု မြို့သို့သွား၏။ တွေ့ လျှင်အန္တိအုတ် မြို့သို့ ခေါ် ခဲ့၏။
27ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။
Cross References
Matthew 28:19သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။
Acts 11:20နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။
Acts 11:27ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။
Acts 14:23အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။
Acts 26:28အဂြိပ္ပ မင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါ သည်ခရစ်ယာန် ဖြစ် လု ပြီဟု ပေါလု အား ပြောဆိုလျှင်၊
1 Corinthians 11:18ပဌမ အကြောင်း ဟူမူကား၊ သင် တို့သည် အသင်းတော် ၌ စည်းဝေး ကြသောအခါ၊ အချင်းချင်း ကွဲပြား ခြင်းရှိ သည်ကို ငါကြား ရ၏။