တမန်တော်ဝတ္ထု 15:20
ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 35:2ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
Exodus 20:23ငါ့ ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေ ဘုရား ၊ ရွှေ ဘုရား ကို မ လုပ် ရ။
Leviticus 3:17သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 17:10ထာဝရဘုရား အား ပူဇော်သက္ကာပြု ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်ဟု သူ တို့အား ဆင့်ဆို ရမည်။
Deuteronomy 12:16သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
Deuteronomy 14:21အလိုလို သေသောအကောင်ကို မ စား ရ။ သင် တို့၌ တည်းခို သော တပါး အမျိုးသားစားစရာ ဘို့ ပေး ရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်း ရမည်။ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သော လူမျိုး ဖြစ်ကြ၏။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။