တမန်တော်ဝတ္ထု 16:27
ထောင်မှူး သည်နိုး ၍ ထောင် တံခါး များ ပွင့် လျက်ရှိ သည်ကို မြင် လျှင်၊ နှောင်ဖွဲ့ ခြင်းကို ခံရသောသူ တို့သည် ထွက်ပြေး ကြပြီဟုထင်မှတ် သည်နှင့်၊ ဓား ကို အိမ်မှဆွဲထုတ် ၍ ကိုယ် အသက်ကိုသတ် မည် ပြု လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 9:54သူသည် လက်နက် ကိုင် လုလင် ကို အလျင်အမြန် ခေါ် ၍ မိန်းမ သည် အဘိမလက် ကိုသတ် သည်ဟု ပြော စရာမ ရှိစေခြင်းငှါ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုသတ် လော့ဟု ဆို သည်အတိုင်း ၊ လုလင် သည် ထိုး ၍ အဘိမလက် သေ လေ၏။
2 Samuel 17:23အဟိသောဖေလ သည် မိမိ ပေးသောအကြံ သို့ မ လိုက် ကြသည်အကြောင်း ကို သိမြင် သောအခါ ၊ မြည်း ကို ကုန်းနှီးတင် စေပြီးလျှင် ထ ၍ မိမိ နေရင်းမြို့ မိမိ အိမ် သို့ သွား သဖြင့် အိမ်မှု အိမ်ရေးများကို စီရင် ပြီးမှ လည် ကြိုး တပ်၍ သေ လေ၏။ ဘိုးဘေး တို့သင်္ချိုင်း ၌ သဂြိုဟ် ကြ၏။
Matthew 27:5သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။
Acts 16:23ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။