တမန်တော်ဝတ္ထု 17:6
မ တွေ့ လျှင်၊ ယာသုန် နှင့် ညီအစ်ကို အချို့ တို့ကို မင်း အရာရှိ တို့ထံသို့ ဆွဲငင် ၍၊ လောကီ နိုင်ငံကို မှောက်လှန် သော ဤသူ တို့သည် ဤ အရပ်တိုင်အောင်ရောက် ကြပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Jeremiah 38:2ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့်သေ လိမ့်မည်။ခါလဒဲ လူတို့ဘက်သို့ ထွက်သွား သောသူသည် အသက် ချမ်းသာ၍ ၊ လက်ရဥစ္စာ ကဲ့သို့ ကိုယ် အသက် ကိုရ လိမ့်မည်ဟူ၍၎င်း၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် ၏ဗိုလ်ခြေ လက် သို့ ဆက်ဆက်အပ် ၍၊ သူသည်သိမ်းယူ လိမ့်မည်ဟူ၍၎င်း၊ ထာဝရဘုရား မိန့် တော်မူ၏ဟု၊
Matthew 24:14လူမျိုး အပေါင်း တို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ တို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှ အဆုံး သည်ဖြစ် လတံ့။
Acts 6:12လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။
Acts 18:12အခါယ ပြည်ကို ဂါလျုန် မင်းသည် ဝန် အရာနှင့် အုပ်စိုးသောအခါယုဒ လူများသည် တစ် ညီတစ်ညွတ်တည်း ပေါလု ကို အနိုင်အထက် ပြု၍ တရားပလ္လင် ရှေ့ သို့ ယူသွား ပြီးလျှင်၊
Acts 22:22ထို မျှတိုင်အောင် ပေါလု ၏ စကား ကို နားထောင် ပြီးလျှင် ၊ ထိုသူ တို့သည်အော်ဟစ် ၍ ၊ ထိုသို့သော သူကို မြေကြီး ပြင်မှ သုတ်သင် ပယ်ရှင်းလော့။ သူ သည် အသက် မ ရှင်သင့် ဟု ဆို ကြ၏။