The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 19 › တမန်တော်ဝတ္ထု 19:13

တမန်တော်ဝတ္ထု 19:13

ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒ လူအချို့ တို့က၊ ပေါလု ဟောပြော သော ယေရှု ကို ငါတိုင်တည်၍ သင် တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ဟုဆိုလျက်၊ နတ် ဆိုး စွဲ သော သူ တို့၏အပေါ် ၌သခင် ယေရှု ၏နာမ တော်ကို မြွက် စမ်းကြ၏။

မြန်မာကျမ်းစာ

In The King James Version

Then certain of the vagabond Jews, exorcists, took upon them to call over them which had evil spirits the name of the Lord Jesus, saying, We adjure you by Jesus whom Paul preacheth.

In Context

12ပေါလုသုံးသောပုဝါ ၊ ခါးပန်း တခုခုကို အနာ ရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက်၍၊ သူ တို့သည် အနာ ရောဂါနှင့်ကင်းလွတ် ကြ၏။ နတ် ဆိုး တို့လည်း ထွက်သွား ကြ၏။

14သကေဝ အမည်ရှိသော ယဇ်ပုရောဟိတ် မင်း၏ သား ခုနစ် ယောက်တို့သည် ထိုသို့ ပြု ကြ၏။

Read all of တမန်တော်ဝတ္ထု 19

Cross References

Genesis 4:14အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။

1 Samuel 14:24ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။

Psalms 109:10သူ ၏သား တို့သည် အရပ်ရပ် လည်၍ သူ တောင်း စား ဖြစ်ကြပါစေ။ ပျက်စီး သော မိမိ တို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာ ကြပါစေ။

Matthew 26:63ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊

Mark 9:38ယောဟန် ကလည်း၊ အရှင် ဘုရား၊ အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော် ၏နာမ ကို အမှီပြု နတ်ဆိုး တို့ကိုနှင်ထုတ် သောသူတစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူသည်အကျွန်ုပ် တို့နှင့်အတူမ လိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တား ကြပါသည်ဟု လျှောက် လေသော်၊

Luke 11:19ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 19:13

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 19:12တမန်တော်ဝတ္ထု 19တမန်တော်ဝတ္ထု 19:14 →