တမန်တော်ဝတ္ထု 19:29
တစ်မြို့လုံး ရုန်းရင်းခတ် မျှဖြစ်၍ ၊ ပေါလု နှင့်အတူဒေသစာရီ လှည့်လည်သော မာကေဒေါနိ လူ ဂါယု နှင့် အာရိတ္တာခု တို့ကို ဆွဲယူ ပြီးလျှင်၊ ပွဲ ခံရာစရပ်ထဲသို့ ညီညွတ် စွာ တဟုန်တည်း ပြေးဝင်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
30ပေါလု သည် လူစု ထဲသို့ ဝင် ခြင်းငှာအလိုရှိ လျှင် တပည့် တော်တို့သည် မြစ်တား ကြ၏။
Cross References
Acts 16:9ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။
Acts 19:22မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။
Acts 20:4ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။
Acts 21:30တစ်မြို့လုံး ရုန်းရင်းခတ် မျှ ဖြစ်လျှင်၊ လူ များတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလု ကိုကိုင်ယူ ၍ ဗိမာန် တော်ပြင် သို့ ဆွဲငင် ပြီးမှတခဏခြင်း တံခါး များတို့ကို ပိတ် ထားကြ၏။
Acts 27:2အာဒြမုတ္တိ သင်္ဘော ကိုစီး ၍ အာရှိ ပြည်နား သို့ ရှောက်သွားမည်အကြံ နှင့် လွှင့် ကြ၏။ အာရိတ္တခု အမည်ရှိသောမာကေဒေါနိ ပြည်သက်သာလောနိတ် မြို့သားသည် ငါ တို့နှင့် ပါ ၏။
1 Corinthians 1:14ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။