တမန်တော်ဝတ္ထု 19:34
သူသည်ယုဒ လူဖြစ် သည်ကို သိ ကြလျှင် ၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ် တော်မူ၏ဟု နှစ် နာရီ ခန့် မျှလောက်လူအပေါင်း တို့သည် တစ် သံ တည်းနှင့် ဟစ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 18:26သူတို့သည် လူများပေး သော နွား ကိုယူ ၍ လုပ် ပြီးလျှင် ၊ အိုဗာလ ဘုရား၊ အကျွန်ုပ် တို့အား ထူး တော်မူပါဟု နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ ၏ နာမ ကို ဟစ်ခေါ် ကြ၏။ သို့ရာတွင် ဗျာဒိတ် သံမ ရှိ။ ထူး သောသူလည်း မ ရှိ။ သူတို့သည် ကိုယ်တည် သော ယဇ် ပလ္လင်ရှေ့ မှာ ကခုန် ကြ၏။
Acts 16:20စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။
Acts 19:28ထိုစကားကိုကြား လျှင်၊ ထိုသူတို့သည် ဒေါသ အမျက်နှင့် ပြည့် သဖြင့်၊ ဧဖက် လူတို့၏ အာတေမိ သည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ် ကြ၏။
Revelation 13:4သားရဲ ၏ ခေါင်း တစ် လုံးသည် သေ အောင်ကွပ်မျက် ပြီးသကဲ့သို့ ဖြစ်၍ ၊ သေ စေသောဒဏ်ချက် သည် ပျောက် လျက်ရှိ၏။ မြေကြီး သားအပေါင်း တို့သည် သားရဲ နောက် သို့ လိုက်၍ အံ့ဩ ကြ၏။