တမန်တော်ဝတ္ထု 2:37
ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezekiel 7:16သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။
Luke 3:10လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊
Luke 3:14စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။
John 16:8ဥပဇ္ဈာယ် ဆရာသည် ရောက်လာ လျှင်၊ ဒုစရိုက် အပြစ်ကို၎င်း ၊ အပြစ် ကင်းခြင်းကို၎င်း ၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသား တို့အား ထင်ရှားစွာဘော်ပြ မည်။
Acts 5:33ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။
Acts 9:5သခင် ၊ ကိုယ်တော်သည် အဘယ်သူ နည်းဟု မေးလျှောက် ၏။ သခင်ဘုရားကလည်း၊ ငါ ကား သင် ညှဉ်းဆဲ သော ယေရှု ဖြစ် သတည်း။