တမန်တော်ဝတ္ထု 2:46
ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 12:7ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
Deuteronomy 16:11သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
Psalms 86:11အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်း ကို အကျွန်ုပ် အား ပြညွှန် တော်မူပါ။ ကိုယ်တော် ၏ သမ္မာတရား လမ်းသို့ လိုက်သွား ပါမည်။ နာမ တော်ကို ကြောက်ရွံ့ မည်အကြောင်း ၊ အကျွန်ုပ် ၏နှလုံး ကို စေ့စပ် စေတော်မူပါ။
Matthew 6:22မျက်စိ ကားကိုယ် ၏ဆီမီး ဖြစ် ၏။ ထိုကြောင့် မျက်စိ ကြည်လင် လျှင် တစ်ကိုယ်လုံး လင်း လိမ့်မည် ။
Luke 24:30စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊
Acts 1:13ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။