တမန်တော်ဝတ္ထု 20:16
ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
17မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။
Cross References
Acts 2:1ပင်တေကုတ္တေ ပွဲနေ့ ရောက် သောအခါ ထိုသူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းစည်းဝေး ၍နေ ကြ၏
Acts 18:19ဧဖက် မြို့သို့ ရောက် လျှင် ၊ တရားစရပ် သို့ ဝင် ၍ ယုဒ လူတို့နှင့် ဆွေးနွေး နှီးနှောလေ၏။
Acts 19:21ထိုနောက်မှပေါလု က၊ ငါသည်မာကေဒေါနိ ပြည်နှင့် အခါယ ပြည် ကိုရှောက်သွား ပြီးလျှင်၊ ယေရုရှလင် မြို့ သို့ သွား မည်။ ထို မြို့သို့ ရောက် ပြီးသည်နောက် ၊ ရောမ မြို့ကိုမြင် ရမည်ဟုစိတ် ထဲ၌ အကြံရှိသည်ဖြစ်၍၊
Acts 20:13ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။
Acts 21:4တပည့် တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ် ရက် နေ ကြ၏။ ပေါလု သည် ယေရုရှလင် မြို့သို့ မ တက် ရမည် အကြောင်း၊ ထို တပည့်တော် တို့သည် ဝိညာဉ် တော်အားဖြင့် ပြော ကြ၏။
Romans 15:24စပါနိ ပြည်သို့ ငါသွား သောအခါ၊ လမ်းခရီး၌ သင် တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန် အရာအလို ပြည့်စုံ ပြီးမှ၊ ထို ပြည်သို့သင်တို့ ပို့ဆောင် ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏။