တမန်တော်ဝတ္ထု 20:35
35ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
မြန်မာကျမ်းစာ
In The King James Version
In Context
36ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။
Cross References
Psalms 41:1ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။
Proverbs 19:17ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
Isaiah 35:3အား မရှိသောလက် တို့ကို ခိုင်ခံ့ စေကြလော့။ လှုပ် တတ်သော ဒူး တို့ကို မြဲမြံ စေကြလော့။
Matthew 10:8နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။
Luke 14:12ကိုယ်တော် ကို ခေါ်ပင့် သောသူ အား တစ်ဖန်မိန့် တော်မူသည်ကား၊ သင်သည် နံနက်စာ ၊ ညစာ လုပ်ကျွေး သောအခါ ၊ အဆွေ ခင်ပွန်း၊ ညီအစ်ကို အမျိုးသား ချင်း၊ ငွေရတတ် သော အိမ်နီးချင်း များကို မ ခေါ် မဖိတ် နှင့်။ ထိုသို့ဖိတ်ခေါ်လျှင်၊ သူ တို့သည် နောက်တစ်ဖန် သင့် ကိုဖိတ်ခေါ်၍ ကျေးဇူးဆပ် ကြလိမ့်မည်။
Acts 20:27ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။