တမန်တော်ဝတ္ထု 21:28
ဤ သူကား၊ ငါတို့အမျိုး နှင့် ပညတ် တရားကို၎င်း ဤ အရပ် ဌာနကို၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ ဆန့်ကျင်ဘက် ပြု၍၊ လူအပေါင်း တို့အား ဆုံးမ ဩဝါဒပေးသောသူဖြစ် ပါ၏။ ထိုမျှမက ၊ ဟေလသ လူတို့ကို ဗိမာန် တော်ထဲသို့ သွင်း ၍၊ ဤ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေပြီတကားဟု ဟစ်ကြော် ၍၊ ပေါလု ကို ဘမ်းဆီး ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Lamentations 1:10ရန်သူ သည် ကိုယ်ကိုချီးမြှောက် ပါပြီ။ ပရိသတ် တော်ထဲသို့ မ ဝင် ရဟုမြစ်တား တော်မူသော သာသနာပ လူတို့သည် သူ ၏သန့်ရှင်း ရာဌာနတော်ထဲသို့ ဝင် ကြောင်း ကို သူမြင် ရပါ၏။
Acts 6:13မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။
Acts 21:21တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
Acts 24:18ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။