တမန်တော်ဝတ္ထု 21:9
ထိုသူ ၌ ပရောဖက် ပြုသော သမီး ကညာ လေး ယောက်ရှိ ၏။
မြန်မာကျမ်းစာ
In The King James Version
And the same man had four daughters, virgins, which did prophesy.
In Context
10ထိုအိမ်၌တာရှည် စွာနေ ကြပြီးမှ အာဂဗု အမည် ရှိသော ပရောဖက် တစ် ယောက်သည် ယုဒ ပြည်မှ လာ ၍၊
Cross References
Exodus 15:20အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။
2 Kings 22:14ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏
Joel 2:28ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
Acts 2:17ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။
1 Corinthians 7:25ခင်ပွန်း မရှိသောသူ တို့၏ အမှု မှာ၊ သခင် ဘုရား၏ပညတ် တော်သည် ငါ ၌မ ရှိသော်လည်း ၊ ငါသည် သစ္စာ ရှိ သောသူဖြစ်အံ့သောငှာ၊ သခင် ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏။
1 Corinthians 11:4ယောက်ျား မည်သည်ကား ၊ မိမိ ခေါင်း ကို ဖုံး လျက် ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေ ကို ရှုတ်ချ၏။