တမန်တော်ဝတ္ထု 22:3
ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊
မြန်မာကျမ်းစာ
In The King James Version
In Context
2ဟေဗြဲ ဘာသာ အားဖြင့်ပြော သည်ကို ထိုသူတို့သည် ကြား လျှင် သာ၍ အလွန်တိတ်ဆိတ် စွာနေကြ၏။
Cross References
2 Samuel 21:2ဂိဗောင် လူတို့သည် ဣသရေလ အမျိုး အဝင် မ ဟုတ်၊ ကျန်ကြွင်း သော အာမောရိ အမျိုးဖြစ်ကြ၏။ ဣသရေလ အမျိုး တို့သည် သူ တို့အား သစ္စာ ဂတိထားကြ သော်လည်း ၊ ရှောလု သည် ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူ တို့ကိုသတ် မည်ဟု အားထုတ် သတည်း။
Luke 2:46သူငယ်မူကား ၊ ဗိမာန် တော်၌ ဆရာ များအလယ် မှာ ထိုင် ၍ ထိုသူ တို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံး ရက် ကြာ မှတွေ့ ကြ၏။
Luke 10:39ထိုမိန်းမ ၌ မာရိ အမည် ရှိသော ညီမ တစ်ယောက်ရှိ ၏။ ထို မာရိသည် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် ၍ စကား တော်ကို နားထောင် လျက်နေ၏။
Acts 6:9ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
Acts 9:30ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိ လျှင် ၊ ရှောလု ကို ကဲသရိ မြို့သို့ ပို့ ၍ တာရှု မြို့တိုင်အောင် စေလွှတ် ကြ၏။
Acts 15:23သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။