တမန်တော်ဝတ္ထု 23:21
သို့ရာတွင် သူ တို့၏ အလို သို့မ လိုက်ပါနှင့်။ ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူ လေး ကျိပ်မက ၊ လမ်းနား၌ ပေါလု ကိုချောင်း ၍ နေကြပါ၏။ ယခုပင် ကိုယ်တော် ဝန်ခံ မည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့် ရှိ နှင့်ပါပြီဟုလျှောက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 23:2လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။
Acts 14:5မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊
Acts 23:12မိုဃ်းလင်း သောအခါ ယုဒ လူတို့သည် သင်း ဖွဲ့ ၍၊ ငါတို့သည် ပေါလု ကိုမ သတ် မှီတိုင်အောင်အလျှင်းမ စား မသောက် ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြု ကြ၏။
Romans 9:3အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။
2 Corinthians 11:32ဒမာသက် မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန် သည် ငါ့ ကို ဖမ်းဆီး ခြင်းငှာအလိုရှိ၍၊ ဒမာသက် မြို့ ကိုစောင့် စဉ်တွင်၊