တမန်တော်ဝတ္ထု 23:34
မြို့ဝန်မင်းသည် စာကိုဖတ် ပြီးမှ၊ အဘယ် မြို့ နှင့် ဆိုင်သနည်းဟု မေး ၍၊ ကိလိကိ ပြည်သားဖြစ် သည်ကို ကြားသိ လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Esther 8:9ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊
Daniel 6:1ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊
Acts 6:9ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
Acts 21:39ပေါလု ကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွားသော ယုဒ လူ ဖြစ် ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့ မ ဟုတ်။ ဤသူ တို့အား အကျွန်ုပ် ပြော ရသော အခွင့် ကိုပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို ၏။