တမန်တော်ဝတ္ထု 23:6
ထိုအရာရှိတို့တွင် အချို့ တို့သည် ဇဒ္ဒုကဲ ဖြစ်ကြသည်၊ အချို့ တို့သည် ဖာရိရှဲ ဖြစ်ကြ သည်ကို ပေါလု သိမြင် လျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ဖာရိရှဲ ဖြစ် ၏။ ဖာရိရှဲ ၏သား လည်းဖြစ်၏။ သေ သောသူတို့သည် ထမြောက် မည်ဟု မြော်လင့် ခြင်းအကြောင်း ကြောင့်၊ အကျွန်ုပ် သည် စစ်ကြော စီရင်ခြင်းကို ခံရ၏ဟု လွှတ်တော် ပေါ်မှာ ကြွေးကြော် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 10:16တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။
Acts 22:5ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
Acts 24:21အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။
Acts 28:20ဣသရေလ အမျိုး၏မြော်လင့် ရာအတွက် ကြောင့်၊ အကျွန်ုပ်သည် ဤ သံကြိုး နှင့်ချည်နှောင် ခြင်းကို ခံရပါ၏ဟု ပြောဆို လျှင်၊