တမန်တော်ဝတ္ထု 25:11
အကျွန်ုပ်ပြစ်မှား ၍ သေ ထိုက် သော အပြစ် ကို ပြု မိသည်မှန်လျှင် ၊ သေ ဘေးကိုအကျွန်ုပ်မ ရှောင် ပါ။ ထိုသူ တို့တင် သောအပြစ် တစ်စုံတစ်ခု မျှ မမှန်လျှင် ၊ သူ တို့ လက်သို့ အကျွန်ုပ် ကိုအဘယ်သူ မျှမစွန့် မအပ်ရ ပါ။ ကဲသာ ဘုရင်၏အယူ တော်ကိုခံပါမည်ဟု လျှောက်ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 22:22မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
1 Samuel 27:1တဖန် ဒါဝိဒ် က၊ ငါသည် ရှောလု လက် ဖြင့် ဆုံးရှုံး ရသောအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ဖိလိတ္တိ ပြည် သို့ အလျင်အမြန်ပြေး ကောင်း၏။ သည်ထက်ကောင်း သော အရာမ ရှိ။ သို့ပြုလျှင် ရှောလု သည် ဣသရေလ ပြည်နယ် တွင် ငါ့ ကို ရှာ ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့ ၍ သူ့ လက် မှ ငါလွတ် လိမ့်မည်ဟု အကြံ ရှိသည်အတိုင်း၊
Job 31:38ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊
Acts 16:37ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။
Acts 22:25သားရေ ကြိုးနှင့် ဆွဲတင် ကြသောအခါ ၊ ပေါလု က၊ ရောမ လူ ဖြစ်သောသူကို ဓမ္မသတ်အတိုင်း မ စီရင် ဘဲလျက်၊ သင် တို့သည် ရိုက် ရသလောဟု အနား၌ရပ် နေသော တပ်မှူး အား ဆို ၏။
Acts 25:21ပေါလု သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကို ခံလို၍ မိမိ ကိုချုပ် ထားစေခြင်းငှာတောင်းပန် သောကြောင့်၊ သူ့ ကိုကဲသာ ဘုရင်ထံ တော် သို့မ စေလွှတ် မှီတိုင်အောင်ချုပ် ထားစေခြင်းငှာကျွန်ုပ်စီရင် သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။