တမန်တော်ဝတ္ထု 25:5
သင် တို့သည် တတ်နိုင် သောသူတို့သည် ငါနှင့်အတူ လိုက်၍၊ ထိုသူ ၌အပြစ် ရှိ လျှင် အပြစ်တင် ကြစေဟု ပြောဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 24:11ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။
John 18:29ထိုကြောင့် ပိလတ် မင်းသည် သူ တို့ရှိရာသို့ ထွက် ၍ ဤ သူ ၌အဘယ် အပြစ် ကို တင် ကြသနည်းဟု မေး သော်၊
Acts 23:30ယုဒလူတို့သည် မကောင်း သောအကြံနှင့် သူ့ ကိုလုပ်ကြံမည်ဟု အကျွန်ုပ် ရိပ်မိ လျှင်၊ သူ့ကို ကိုယ်တော် ထံသို့ ချက်ခြင်း စေလွှတ်၍ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက် ထားစေခြင်းငှာစီရင် ပါ၏။ ကိုယ်တော်ကျန်းမာပါစေသောဟု ရေး၍ပေးလိုက်သတည်း။
Acts 25:16ကျွန်ုပ်ကလည်း၊ အပြစ်တင် ခြင်းကို ခံသောသူ သည် အပြစ်တင် သော သူတို့နှင့်မျက်မှောက် တွေ့ ၍၊ မိမိ၌တင်သောအပြစ် ကိုဖြေ ရသော အခွင့် မ ရှိမှီ၊ အဘယ်သူကိုမျှ အသေခံစေခြင်းငှာ မ စွန့် မအပ်ရဟု ရောမ ထုံးစံ ရှိ ကြောင်းကို ပြောဆို ၏။
Acts 25:25သူ သည်သေ ထိုက် သော အပြစ်မ ပြုကြောင်း ကို ကျွန်ုပ် သိမြင် ၍၎င်း၊ သူ သည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူ တော်ကိုခံပါမည်ဟုဆို၍၎င်း၊ သူ့ ကိုအထံတော်သို့ စေလွှတ် စေခြင်းငှာကျွန်ုပ်စီရင် ၏။