တမန်တော်ဝတ္ထု 26:24
ထိုသို့ ပေါလု သည် အပြစ် ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တု မင်းက၊ ပေါလု ၊ သင်သည် သူရူး ဖြစ်၏။ သိပ္ပံအတတ်များကိုသင် ၍ သူရူး အဖြစ်သို့ ရောက် ခဲ့ပြီဟုကြီး သော အသံ နှင့်ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 9:11ထိုအခါ ယေဟု သည် မိမိ သခင် ၏ ကျွန် တို့ရှိရာသို့ ထွက် ၍ ၊ တယောက်က၊ ရှိသမျှကောင်း သလော။ ထို” အရူး သည် အဘယ် ကြောင့်လာ သနည်းဟုမေး လျှင်၊ ယေဟုက၊ သင် တို့သည် ထိုသူ ကို၎င်း၊ သူ ပြော သော စကားကို၎င်း သိ ကြ၏ဟုဆို သော်၊ “
Hosea 9:7စစ်ကြော ရသော အချိန် ရောက် လေပြီ။ အပြစ် ပေးရသောအချိန် ရောက် လေပြီ။ ဣသရေလ အမျိုး သိ ရလိမ့်မည်။ ပရောဖက် သည် အမိုက် ဖြစ်၏။ ဝိညာဉ် ဆု ကျေးဇူးကိုခံ သောသူ သည် အရူး ဖြစ်၏။ သင် ၌ အပြစ် ကြီး သည်အတိုင်း ကြီးစွာ သော ဖျက်ဆီး ခြင်းကို ခံရ၏။
John 7:15ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
John 8:52ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။
Acts 17:32သေ သောသူတို့၏ ထမြောက် ခြင်းအကြောင်းကို ကြား ရလျှင် ၊ အချို့ တို့သည် ကဲ့ရဲ့ ကြ၏။ အချို့ တို့က၊ ဤ အမှု မှာ သင် ၏စကားကို ငါတို့သည် နောက် တဖန် နားထောင် ဦးမည်ဟု ဆို ကြ၏။
Acts 24:25ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။