တမန်တော်ဝတ္ထု 26:3
ယုဒ လူတို့သည် အကျွန်ုပ်ကိုအမှု လုပ်သမျှ သောအရာမှာ၊ ရှေ့ တော်၌အပြစ် ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော် သည် ယုဒ ထုံးတမ်း ၊ ပုစ္ဆာ အမေးများကိုလေ့ကျက် တော်မူကြောင်းကို၎င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌မင်္ဂလာ ရှိသည်ဟု ကိုယ်ကိုထင်မှတ် ပါ၏။ ထိုကြောင့် သည်းခံ သော စိတ်တော်နှင့် အကျွန်ုပ် စကားကို နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 32:11ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ ၍ ၊
Acts 21:21တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
Acts 24:10မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။
Acts 25:26သူ ၏အကြောင်း ကို ရေး ထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့၊ သေချာ သောအကြောင်း တစ်စုံတစ်ခု မျှ ကျွန်ုပ်၌မရှိ ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြော ပြီးမှ၊ ကျွန်ုပ်ရေး ၍ပေးလိုက်စရာ အကြောင်း ရှိ စေခြင်းငှာသင် တို့ရှေ့ ၌၎င်း ၊ အဂြိပ္ပ မင်းကြီး ၊ အထူးသဖြင့် ကိုယ်တော် ရှေ့ ၌၎င်း၊ သူ့ ကိုကျွန်ူပ်ထုတ် ၍ပြ၏။
Acts 26:26ဤ အရာများကိုအဂြိပ္ပမင်းကြီး သိ တော်မူ၏။ ထို မင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤ အမူအရာ တစ်စုံတစ်ခု ကိုမျှ မင်းကြီး မသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင် ပါ၏။ အကြောင်းမူကား ၊ ဤ အမှုသည် ဆိတ်ကွယ် ရာအရပ်၌ ပြု သောအမှု မ ဟုတ်ပါ။
1 Corinthians 13:2ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။