တမန်တော်ဝတ္ထု 26:5
အကျွန်ုပ်သည် ယုဒ ဘာသာ ၌ အလွန်ကျပ်တည်း စွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲ ဖြစ် သည်ကို ထိုသူတို့သည် သက်သေခံ ခြင်းငှာအလိုရှိ လျှင် ရှေးဦးစွာ ကပင်သိ ကြပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Acts 22:5ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
Acts 24:5နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။
Philippians 3:5ငါသည်ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီး ခြင်းကို ခံရ၏။ ဣသရေလ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲ လူမှ ဆင်းသက်သော ဟေဗြဲ လူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရိရှဲ ဖြစ်၏။