တမန်တော်ဝတ္ထု 3:12
ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 41:16ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။
John 3:27ယောဟန် က၊ ကောင်းကင် ဘုံမှ ပေး တော်မ မူလျှင် လူ သည် အဘယ် အရာကိုမျှ မ ခံ နိုင် ရာ။ ငါ သည် ခရစ်တော် မ ဟုတ် ။
Acts 2:22ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊
Acts 13:26အာဗြဟံ အမျိုး ဖြစ်သော ညီအစ်ကို မှစ၍သင် တို့တွင်ဘုရားသခင် ကို ကြောက်ရွံ့ သောသူ တို့၊ ကယ်တင် တော်မူခြင်းတရား စကားကို သင်တို့အား ကြား လိုက်တော်မူ၏။
Romans 9:4ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
2 Corinthians 3:5သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊