တမန်တော်ဝတ္ထု 3:15
အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And killed the Prince of life, whom God hath raised from the dead; whereof we are witnesses.
In Context
Cross References
Matthew 28:2ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
John 4:10ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊
John 5:26အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။
John 11:25ယေရှု ကလည်း၊ ငါ သည် ထမြောက် ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်းဖြစ် ၏။ ငါ့ ကို ယုံကြည် သောသူ သည်သေ လွန်သော်လည်း ရှင် လိမ့်မည်။
John 17:2ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။
Acts 2:24ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။