တမန်တော်ဝတ္ထု 3:21
ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Malachi 3:3ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။
Matthew 17:11ယေရှု က၊ ဧလိယ သည်အရင်လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည်မှန် ပေ၏။
Luke 1:70ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု
Acts 3:19ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
Romans 8:21ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
2 Peter 3:2သန့်ရှင်း သော ပရောဖက် တို့သည်၊ အထက်က ဟောပြော သော စကား များကို၎င်း ၊ ကယ်တင် တော်မူသော အရှင်သခင် ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ပညတ် ကို၎င်း၊ သင် တို့သည် အောက်မေ့ စေခြင်းငှာ၊ ဤ စာနှစ်စောင်၌ သင် တို့၏ ကြည်ဖြူ သော စိတ် ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏။