တမန်တော်ဝတ္ထု 5:41
တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 65:14ငါ ၏ကျွန် တို့သည် ရွှင်လန်း သောစိတ် နှင့် သီချင်း ဆိုကြလိမ့်မည်။ သင် တို့မူကား ၊ ဝမ်းနည်း သောစိတ် နှင့် ငိုကြွေး ကြလိမ့်မည်။ ကြေကွဲ သော နှလုံး နှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
Matthew 5:10ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
John 15:21ထိုသူတို့သည် ငါ့ ကိုစေလွှတ် တော်မူသောသူ ကို မ သိ သည်ဖြစ်၍ ၊ ငါ ၏နာမ ကြောင့် သင် တို့အား ထို အမှု ရှိသမျှတို့ကို ပြု ကြလိမ့်မည်။
Romans 5:3ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။
Philippians 1:29အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
Hebrews 12:2ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏