တမန်တော်ဝတ္ထု 7:32
ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။
မြန်မာကျမ်းစာ
In The King James Version
In Context
31ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊
33ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
Cross References
Genesis 50:24ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
Exodus 3:15တဖန် ဘုရား သခင်က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည်၊ ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြော ရမည်။ ထို အမည်သည် အစဉ် ငါ့ အမည် ဖြစ်၏။ လူမျိုး အစဉ်အဆက် မပြတ် ငါ့ ဘွဲ့ နာမ ဖြစ်၏။
Exodus 33:20သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
Job 4:14ငါ့ အရိုး များ တုန်လှုပ် သည်တိုင်အောင်၊ ငါ အလွန်ကြောက် အားကြီး၍ ထိတ်လန့် လျက်နေ၏။
Job 42:5သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။
Isaiah 6:1ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။