တမန်တော်ဝတ္ထု 7:46
ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။
မြန်မာကျမ်းစာ
In The King James Version
Who found favour before God, and desired to find a tabernacle for the God of Jacob.
In Context
47ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။
Cross References
1 Samuel 15:28ရှမွေလ ကလည်း ၊ ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ ၊ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။
1 Samuel 16:11သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
2 Samuel 7:1ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။
2 Samuel 7:18ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။
1 Chronicles 17:1ဒါဝိဒ် မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေ ရသောအခါ ၊ ပရောဖက် နာသန် ကိုခေါ်၍ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့် နေ ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်မူကား ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆို သော်၊
1 Chronicles 28:2ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။