တမန်တော်ဝတ္ထု 8:20
ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 7:26စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
Joshua 7:24ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
2 Kings 5:26ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော
Isaiah 55:1အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ ကြ။ ဝယ် ၍ စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ ကို ဝယ် ကြလော့။
Habakkuk 2:9မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။
Matthew 10:8နာ သောသူတို့အား ချမ်းသာ ပေးကြလော့။ သေ သောသူတို့ကို ထမြောက် စေကြလော့။ နူ သောသူတို့ကို သန့်ရှင်း စေကြလော့။ နတ်ဆိုး တို့ကိုလည်း နှင်ထုတ် ကြလော့။ သင်တို့သည် အဘိုး မပေးဘဲ ကျေးဇူးတော်ကို ခံရ ကြပြီဖြစ်၍အဘိုး မခံဘဲ ပေးကမ်း ကြလော့။