တမန်တော်ဝတ္ထု 9:20
ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။
မြန်မာကျမ်းစာ
In The King James Version
And straightway he preached Christ in the synagogues, that he is the Son of God.
In Context
19ထိုနောက်ရှောလုသည် ဒမာသက် မြို့၌ရှိသော တပည့် တော်တို့ နှင့်အတူ ကာလ အတန် အရာနေ ၍၊
Cross References
Psalms 2:12သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
Matthew 26:63ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊
Matthew 27:54ယေရှု ကိုစောင့် သော တပ်မှူး မှစ၍ စစ်သူရဲ များတို့သည် မြေကြီး လှုပ်ခြင်းစသည်တို့ကိုမြင် လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟု ဆို ကြ၏။
John 19:7ယုဒ လူတို့က၊ ဤသူသည်ဘုရားသခင် ၏သား တော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် တို့၌ ရှိ သောဓမ္မသတ် အတိုင်း သေ ထိုက် ပါသည်ဟုလျှောက် ကြ၏။
John 20:31ယေရှု သည် ခရစ်တော် တည်း ဟူသော ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ ယုံ ၍နာမ တော်အားဖြင့် အသက် ကိုရ မည်အကြောင်း ၊ ဤမျှလောက်ရေး ထားလျက် ရှိသတည်း။
Acts 8:37ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊