တမန်တော်ဝတ္ထု 9:39
ပေတရု သည် ထ ၍ ထိုသူ တို့နှင့်အတူလိုက် လေ ၏။ ရောက် လျှင် အထက် ခန်းသို့ ခေါ်ပင့် ၍ မုတ်ဆိုးမ များ တို့သည် ငိုကြွေး လျက် ၊ သူ တို့နှင့်အတူ ဒေါ်ကာ ရှိ စဉ်အခါလုပ် ခဲ့သော အင်္ကျီ နှင့် အဝတ် များကို ပြ လျက် ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Samuel 1:24အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
Proverbs 10:7တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
Ecclesiastes 9:10ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။
Matthew 25:36ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊
Mark 14:8ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
John 12:8ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။